jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၂ )

Saturday, June 21, 2008

သိုင်းလောက အပိုင်း ( ၂ )

ဇီးကွက်ရဲ့ ညွှန်ကြားချက်အရ ရေခဲတောင်မှ သိုင်းမယ်တော် ခွန်မြလှိုင်ကို ဖိတ်ကြားရန် အတွက် အလွမ်းဘုရင်မလေး လင်းသည် နောက်လိုက်တွေ ဗိုလ်ပါနှင့် ငါတစ်ယောက်တည်း ကိုယ်ပဲဆရာ ကိုယ်ပဲတပည့် လုပ်ခါ ရေခဲတောင် သို့ ခရီးနှင်ခဲ့လေတော့သည်။

ကိုယ်ဖော့သိုင်းနှင့် တရကြမ်း ခရီးနှင်ခဲ့ရာ သုဝဏ္ဏဘူမိ လေယာဉ်ကွင်း ကိုကျော်လွန်ပြီး ရေခဲတောင် ကိုဆက်လက်ခရီးနှင်ခဲ့တော့သည်။


အလွန်မြင့်မားပြီး လူသွားလူလာပြတ်တောင်းလှသော ရေခဲတောင်လမ်းတစ်လျောက် သဘာဝအလှများကို ခံစားရင်း ရင်မှာ ခံစားနေရသော ဝေဒနာများကို ပျောက်လို ပျောက်ငြား ဖြည်းဖြည်းခြင်း ခရီးနှင်လာခဲ့တော့သည်။ ကျယ်ဝန်းသော လမ်းတလျောက် တောင်တက်လမ်းလေးကို သွားလာရန် လွယ်ကူအောင် ဖန်တီးပေးထားသော လှေကားထစ်လေးများကို နင်းလျှောက်ရင်း ဖြေးဖြေးမှန်မှန်တက်လာခဲ့ရာ တောင်မကြီးထိပ်သို့ တဖြည်းဖြည်းချဉ်းကပ်လာပေပြီ။


`ဒီတောင်ကြီးပေါ်မှာ စံစားနေသော သိုင်းမယ်တော်သည် သူရဲ့ ဖိတ်ကြားချက်ကို အသာတကြည်မှ လက်ခံပါ့ မလား ?´ မယ်တော်သည် နှယ်နှယ်ရရတော့မဟုတ် ရှောင်လင်ကျောင်းကို တည်ထောင်ပေးခဲ့သော ထန်မင်းဆက်၏ အဆက်အနွယ်တော်တဦးဖြစ်သည်၊၊ သိုင်းလောကတခုလုံး မသိသူမရှိအောင် ကျော်ဇော်လှသော သိုင်းမယ်တော်က သူ့ လို ပါချိပမွား ကိုယ့်ကိုကိုယ် ဘွဲ့ ပေးထားသော သိုင်းသမားတစ်ယောက်ကို ဘယ်လိုကြိုဆိုမည်လဲဆိုတာ ခန့် မှန်းလို့ မရ။ တာဝန်ပေးလိုက်သော ဇီးကွက်ကိုသာ စိတ်ကူးနှင့် ဓါးနဲ့ ခုတ်သတ်နေမိတော့သည်။

တောင်ထိပ်အရောက် တွင်ကြီမားသော အဆောင်အခန်းများနှင့် သိုင်းမယ်တော် စံစားရာနန်းတော်ကြီးကို တွေ့ လိုက်ရပြိးနောက် ဟိုဟိုဒီဒီမျက်စိဝေ့၀ဲကြည့်လိုက် သည့်အခါ အဆောင်တခုရှေ့ မြေပြင်ကျယ်တွင် ပီလာဒေး ကျင့်နေသော သိုင်းမယ်တော်ကို တွေ့ လိုက်ရတော့သည်၊ တဖြည်းဖြည်း ချဉ်းကပ်သွားသည့် သူ့ ခြေလှမ်းများ သည် သိုင်းမယ်တော်၏ လျှင်မြန်သော လှုပ်ရှားမူတခုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့်ရပ်တန့် လိုက်ရသည်။


`မလှုပ်နဲ့  ဒီနေရာကို ဘယ်သူမှ ကျော်ပြီးလာလို့ မရတာ မသိဘူးလား´

`ခွင့်လွှတ်ပါမယ်တော် သိုင်းလောကမှ ကျင်းပမဲ့ သိုင်းပညာဖလှယ်ပွဲမှာ ဒိုင်လုပ်ဖို့ အတွက် လာရောက်ဖိတ်ကြားခြင်းဖြစ်ပါတယ်၊ ဇီးကွက်က လွှတ်လိုက်တာပါ။´

မယ်တော်သည် မျက်မှောင်တချက်ကြုံလျှက် `တခြားဒိုင်က ဘယ်သူတွေပါသေးလဲ ? ဒီကောင်ဇီးကွက်က သူကိုယ်တိုင်မလာနိုင်ရအောင် ဘာဖြစ်နေလို့ လဲ နေပါဦး မင်းကဘယ်သူလဲ´

`ဟို ဟို ဂိုဏ်းတူသားတွေလဲမရှိသေးတဲ့ တကိုယ်တော်သိုင်းသမားပါ သိုင်းမယ်တော် ကိုယ့်ကိုကိုယ်တော့ အလွမ်းဘုရင်မလေးလို့  နာမည်ပေးထားပါတယ်၊ လေ့လာနေဆဲပါ၊ သိုင်းမယ်တော်နဲ့ အတူ ရှောင်လင်ကျောင်းက သိုင်းဆရာကြီး စိုးထက်ပါပါမယ်၊ ဇီးကွက်ကတော့ သိုင်းဆရာကြီးကို သွားဖိတ်နေလို့ ပါ၊´

သိုင်းမယ်တော်သည် ဟန်ပါပါ နှုတ်ခမ်းကို ကွေးညွတ်ပြုံးလိုက်ပြီး `အင်း ကောင်းပြီ ´ဟုစကားတခွန်းသာဆိုပြီး လှည့်ထွက်သွားလေတော့သည်၊

အလွမ်းဘုရင်မလေးလင်းရဲ့  သိုင်းမယ်တော်ထံက ရေခဲတောင်နှင်းသီး နည်းနည်းလောက် တောင်းစားမည့်အကြံ၊ ချဉ်းကပ်လဘ်ထိုးမည့် အကြံတို့ ကို သိနေသည့်အလား ပင်။

(ဇီးကွက်ရဲ့  နားပူနားဆာလုပ်သမျှကို အမြန်အကောင်အထည်ဖော်ရန် သိုင်းဝထ္ထုပေါင်းစုံမှ ခိုးချကာရေးလိုက်ပါသည် ..... လင်း)

4 comments:

Mhaw Sayar said...

ခင်ဗျားလည်း. သိုင်းလောကထဲ ရောက်သွားပြီကိုး. ဟက်ဟက်. :D

ThinkingHoney said...

ဒိုင်တွေဖိတ်နေတာ မိုးအချုပ်ပဲ
စည်းမျဉ်းစည်းကမ်းတွေထုတ်တာနဲ့ နောက်တရက်ကုန်ဦးမယ်
ဟော မန်းဒေးကျတော့ ကျုပ်တို့ကမပြိုင်နိုင်တော့ဘူး
သူတို့အကြံ ဒါအကုန်ပဲလား
လက်မခံဘူး မီဒီယာကနေ အော်မယ်

Anonymous said...

သြော်... ကိုယ်ဖော့ ပညာလေး သင်ပေးစမ်းပါဗျာ။
ရွာပြန်ချင်တာ စားရိတ်မရှိလို့...ဟီးးးးးးးးးးးးးးး

စိုးထက် - Soe Htet ! said...

:) မိုက်တယ် ... တစ်ခုချင်း လိုက်ဖတ်နေတာ ... :)