jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၅.၂) - သိုင်းမူး

Sunday, June 29, 2008

သိုင်းလောက အပိုင်း ( ၁၅.၂) - သိုင်းမူး

သိုင်းပြိုင်ပွဲကြီးက စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျင် နောက်ဆုံးဗိုလ်လုပွဲ အဆင့်ကို ကျင်းပ လုဆဲဆဲ အချိန်ဖြစ်နေပြီ။ ခေါက်ဆွဲစားသည်ဟု ယူဆရသော ရှောင်လင်ကျောင်းမှ သိုင်းဆရာကြီး ဒေါက်ထက်နှင့် ရေခဲတောင်သိုင်းမယ်တော်ကြီး ခွန်မြလှိုင်တို့က ဗိုလ်လုပွဲ နွဲမည့် သိုင်းပညာရှင် နှစ်ယောက်ကို လိုက်နာရမည့် စည်းကမ်းများ ( သူတို့ဟာသူတို့ထုတ် ၊ သူတို့ဟာသူတို့ပြင်)ကို ပြောပြရင်း လေရှည်နေကြသည်။ အခန်းနားမူးးဇီးကွက်ကလည်း အနားပြာလုပ်ကာ အလုပ်များချင် ယောင်ဆောင်နေလေသည့်အချိန်။

ထိုအချိန်တွင် စင်မြင့်ဘေးကွက်လပ်တွင်နေရာယူထားသော အရှုံးသမား သိုင်းပညာရှင်အုပ်စုမှာ အချင်းများလျက်ရှိနေကြသည်။

ရွှန်းမီ - ရိုဘော့မီမီ ဖမ်းမိထားတဲ့ မွန်ချောက်ဖုံရဲ့ အာပုပ်သိုင်းက ရင်ပြင်တစ်ခုလုံးကို ပျံ့နှံ့နေပြီ။ သူ့ပါးစပ်ကို အပ်နဲ့ ချုပ်ရင် ကောင်းမယ်။ မိုးချစ်သူရေ ချုပ်ပေးပါလား။

မိုးချစ်သူ - ဟင့်အင်း ဟင့်အင်း မချုပ်ဘူး။ အနားတောင် မကပ်နိုင်ဘူး။ သူက အာပုပ်သိုင်းတင် မကဘူး ကြူမုန်းကြောင်မျိုးဆီက ရေမချိုးသိုင်း၊ အ၀တ်မလျှော်သိုင်းနဲ့ သွားမတိုက်သိုင်းလည်း သင်ထားသေးတယ်။

ပျားဘုရင်မ - ဒါဆို သွားတွေကို အရင်နှုတ်ပြီးမှ ပါးစပ်ကို ချုပ်တာပေါ့။

အလွမ်းဘုရင်မလေး - ငါတို့က သူ့ကို ဖမ်းထားတာဆိုတော့ သူကို နှိပ်စက်လို့ မသင့်တော်ဘူးထင်တယ်။ မဟုတ်ရင် သိုင်းလောကမှာ နာမည်ပျက်ကုန်မယ်။

ဒရမ်း - ဒါနဲ့ သူ့ဆရာတွေ ဂိုဏ်းတူ အစ်ကိုတွေကိုလည်း သတိထားရလိမ့်မယ်။ သူတို့ အခုဆို ရှောင်လင်ကျောင်းကို ဦးတည်ပြီးလာနေလောက်ပြီ။

အလွမ်းဘုရင်မလေး - ဟုတ်တယ်။ ဇီးကွက်တောင်မှ လာတဲ့လူတွေကို သိုင်းလောက မှတ်ပုံတင်ပြမှ ပေးဝင်မယ်ဆိုပြီး စည်းကမ်းကို ကြော်ငြာထားတယ်ကြားတယ်။နှင်းပွင့်တောင် နောက်ကျနေတာ ကြည့်ပါလား။

ပျားဘုရင်မ - ဒါလည်းကောင်းတာပဲ။ နောက်ပြီး ငါတို့လူအင်အားနည်းနေတယ်လေ။ တေလေမုတ်သုန်ကို ပါ ပြန်ခေါ်မှ ဖြစ်မယ်။ ခေါ်ဆိုကြာပါတယ်။ အခုပဲ စီပုံးမှာ ကြိမ်စကြာ ရိုက်ပြီး ခေါ်လိုက်မယ်။ သူမလာခင် ငါတို့ နည်းနည်းပါးပါးသောက်ပြီး စောင့်ရအောင်။

ရွှန်းမီ - ပြိုင်ပွဲစည်းကမ်း အရ အရက်သောက်လို့ မရဘူးလေ။

ပျားဘုရင်မ - ပြိုင်ပွဲစည်းကမ်းအရ အရက်မသောက်ရဘူးဆိုပေမဲ့ ငါတို့က ပြိုင်ပွဲကထွက်ပြီဆိုတော့ သောက်လို့ရပြီ ။ အရက်ပုန်းဆိုင်လဲ မတွေ့ ပါလား။

ဒရမ်း - ဘယ်ရှိမလဲ ဟိုကဇော်သိုင်းသမားဇီးကွက်က ဆိုင်သမားတွေကို လိုင်စင်ချမပေးထားဘူး။ သူ့ကို လဘ်ထိုးတာတွေတော့ ယူတယ်တဲ့ ငါအလာလမ်းမှာ ကြားခဲ့ပြီးသား။

မိုးချစ်သူ - နာပြောတယ်တော့မပြောနဲ့နော်။ ဇီးကွက်က စင်နောက်ဝင်ဝင်ပြီး မော့နေတာတော့တွေ့ တယ် ။ သူပြောတော့ အားဆေးလို့ ပြောတာဘဲ။

ရွှန်းမီ - သေချာပြီဒါဆိုရင် ဒိုင်တွေကိုလည်း သူကုန်းကုန်း ကုန်းကုန်းနဲ့သွားသွားတိုက်နေတာတွေ့တယ်။ မယ်တော်ကြီးက ခေါင်းတချက်ခါပြလိုက်တာတွေ့ထဲက တမျိုးပါလားလို့ တော့ထင်သား။ဒေါက်ထက်ကတော့ ၀ါးစိမ်းမှနော်ဆိုလား မသိဘူး ပြောတယ်။

လင်း - ဒါမျိုးတော့ဘယ်ရမလဲ နေပလေ့စေအုန်း သွားရှာလိုက်အုန်းမယ် ။ လူကညစ်နေပါတယ်ဆိုမှ ၊ တွေ့ လို့ ကတော့ မူးအောင်သောက်ပြီးသားဘဲ။

ပျားဘုရင်မ - တွေ့ တာအကုန်မခဲ့ ၊ နည်းလို့ ကတော့အာတောင်စွတ်မှာမဟုတ်ဘူး။ဇီးသန့် ကို ရစ်ဖို့  အမူးသောက်မယ်။

ထိုအချိန်တွင် တ၀ုတ်ဝုတ် ၊ တ ၀ုန်းဝုန်းနှင့် မည်းမည်း အုပ်စုကြီးတစ်စု စင်နောက်မှ ပေါ်ထွက်လာလေသည်။ အားလုံးမှာ အနက်ဖြစ်နေ၍ အိပ်မက်နက်တို့ အုပ်စု လာပြီထင်၍ သိုင်းသမားများမှာ အားလုံးသတိ အနေအထားဖြင့် စောင့်ကြည့်နေကြသည်။ ပျားဘုရင်မက ပျားအုပ်များကို အားလုံး၏ ပတ်လည်တွင် ၀ိုင်းပတ်ပြီး လက်နက်ပုန်းများ လွင့်ပျံလာပါက တားဆီးရန် အမိန့်ပေးထားလေသည်။

ထိုအုပ်စု အတွင်းမှ နေ၍ အလင်းရောင်မှိန်ပြပြလေး ထွက်ပေါ်လာရာ မိုးချစ်သူက

` ဟယ် ဟိုဒုတ်က အရောင်အဆင်းမရှိတဲ့ မုတ်သုန်ရဲ့ ခွေးရိုက်တုတ် မဟုတ်လား´

ပျားဘုရင်မမှ ` ဗိုလ်နေလား´

ထိုအခါမှ ထိုမှိန်ပြပြ အလင်းရောင်သည် ရုတ်တရက် လင်းလာပြီး တေလေဂိုဏ်းမှ ဗိုလ်မုတ်သုန် ရောက်ရှိကြောင်း ပြသလေသည်။ သူ့လက်ထဲတွင်ကား ဘယ်အချိန်က ဇီးကွက် ၏ စတိုအတွင်းသို့ ၀င်ရောက်ယူငင်ထားးသည်မသိသော ဆန်အရက် ငါးလုံး ၊ လက်ဖက်အရက် သုံးလုံးနှင့် ၀ါးစိမ်း အရက် စဥ့်အိုးတစ်လုံးကို ကိုင်လျက်။

အားလုံး ၀မ်းသာအားရ တစ်ယောက်တလှည့် လက်သင့်ရာစွဲယူပြီး ဖွင့်သောက်မည်အလုပ်တွင် ဂျူလိုင်ဒရမ်းက `ဟေ့နေအုန်း သူ့ပုလင်းတွေက အရက်ပုန်းဆိုင်ကဟာတွေဆိုတော့ ဒါလေးတော့ ခပ်သောက်ကြဟာ´ ဆိုပြီး ရေသန့်ဆေးပြားတွေထုပ်ပေးလေရာ အားလုံးက အားကနဲ အော်ကြတော့သည်။

`ပြိုင်ပွဲလဲ ပြီးပါပြီအကိုတော်ရယ် ´

`ရေသန့် ဆေးပြားအစစ်ဟုတ်မဟုတ် ဘယ်လိုသိမလဲ။ မယုံဘူး´

`မူးအောင်သောက်ပါမယ်ဆိုနေ သူကမျော့အောင်လုပ်ချင်နေပြန်ပြီ´ အစရှိသဖြင့် တစ်ယောက်တပေါက် ၀ိုင်းအော်သံများကြောင့် လက်လျော့လိုက်ရလေသည်။

စိတ်ရှိတိုင်းသောက်နေကြသော အရှုံးသမားများမှာ လေကလဲတဖြူးဖြူးမို့  အရှိန်လေးက တက်လာချိန် ၊ဒိုင်သူကြီးများကလေရှည်နေသည်လား ပြိုင်ပွဲဝင်သိုင်းသမားများကဘဲ အချိန်ဆွဲနေသည်လား ဘာမှန်းမသိကြာနေသော ဗိုလ်လုပွဲက မစနိုင်သေး။ကဇော်သမား ဇီးကွက်ကလည်း စင်ပေါ်တက်လိုက် စင်အောက်ဆင်းလိုက်နဲ့ ဘာရှုပ်နေမှန်းမသိ ။

မူးမူးနှင့်မျက်ရည်မီးတောက်လင်းက တစခန်းထပြန်သည်။ ` မီမီ ရေ အချောအလှလေး တိုင်းမရှင်းလေး ခနငှားပါလား အတိတ်ကိုပြန်ချင်လို့´ ဟုမျက်စိမှိတ်ပြီး အသကုန်အော်နေလေရာ ဟန်နီက မျက်မှောင်ကြီးကြုတ်လျက် ` မီးတောက်ရယ် ကျုပ်ရစ်ဖို့ အချိန်လဲပေးပါအုန်း ရှင်ဘဲ တမျိုးပြီး တမျိုး။ အတိတ်ကိုပြန်ချင်ရင် မီမီဆီကငှားပေးမယ် ။ တခုတော့ရှိတယ် အတိတ်က ၂နှစ်လောက်ဘဲတော့ လှည့်လို့ မရဘူး ဟိုးအစထိပြန်သွားရမယ်။ ကလေးဘ၀ကိုပြန်သွားမလား။ သွားမယ်ဆိုရင် ခု စီစဉ်လိုက်မယ်´ ဟုပြောရာ လင်းမှ `ဟင့် စာပြန်မသင်ချင်တော့ဘူးးး မသွားတော့ဘူး ´ဟုဆိုကာ ပျားဘုရင်မကို မျက်စောင်းထိုးပြီး အဝေးကို ထွက်သွားလေတော့သည်။

ဟန်နီလည်း ထိုသို့ အရစ်ခံရသော အချိန်ကျမှ သူမ၏ ရစ်ခွင့်ရွှေပြားကို သုံးရန်သတိရပြီး အိပ်ကပ်ထဲ နှိုက်လိုက်သော် ထွက်လာသည်က အပေါင်လက်မှတ်နှင့် ဇီးကွက်၏ လက်ရေးဖြင့်ရေးထားသော `လမကုန်သေးလို့ ရွှေပြားကို ဂျော်နီလမ်းလျှောက်နဲ့ လဲသောက်လိုက်ပြီ´ ဆိုသော စာကိုသာ တွေ့ရှိလိုက်ရာ စိတ်ပေါက်ပေါက်နှင့်


`အဖြေမရှိတာတွေတွက်လို့
ဒင်းက ဦးနှောက်စီးထွက်တာတွေ ပြောရဲ့

ဟဲ့ နင်သင်္ချာတော်တာ ၉၉မှာကျန်ခဲ့ပြီကွယ့်

အရှေ့ဖက်ကမ်းမှာထိုင်လို့
အနောက်ဖက်လှည့်ပြီး ငိုင်ပေါ့ကွာ

စိတ်နာစရာ အာလူးကြော်တောင် ပါရီပျော်လို့ အိမ်ပြန်သတဲ့
မင်းကသာ ကလေးတအုပ်နဲ့ တောတွေသွားလို့ ရွာစဉ်လှည့်

စိတ်နာနာနဲ့ သောက်လိုက်ဦးပေါ့ လဒရေ
ပါဝါတွေတက်လို့ မုတ်ဆိတ်တွေရှည်တဲ့အထိ


အေး သိလား ငါလည်းလေ
အိပ်မက်တွေမှာ
တောင်ချွန်းတောင်ခြေရောက်လို့ရယ်

ဘယ်တော့လောက်အိမ်ပြန်ရမလဲ
ကဲ
တွက်ပါဦးကွယ်။ ။´ ဟု ကဗျာတစ်ပုဒ်ကို ကောက်ရွတ်လိုက်လေတော့သည်။

ဇီးကွက်၏စတို အတွင်းမှ တိုလာသော ကြွက်များ ဖားများ ကို ကင်စားကြသော်လည်း အစားအသောက် သောင်းကျန်းသူများ ဖြစ်သဖြင့် မလောက်မဌ ဖြစ်ကုန်သောကြောင့် မုတ်သုန်မှ သူ့ခွေးနှစ်ကောင်ကို ကင်ကျွေးရလေသည်။ မြူနီစပါယ် ဧရိယာ အတွင်းမှ ရိုက်လာသောကြောင့် အဆိပ်ကင်းစင်ကြောင်းထောက်ခံချက် ကိုပါ ဘွားဘွားခွန်မြလှိုင် ထံမှ ရယူထားကြောင်း အာမခံချက်ပါ ပြသသည်။

ကြာလိုက်တာကွာ ပွဲကမစသေးဘူး ငါတို့တပွဲဝင်နွဲလိုက်ရအောင် ( စကားစလိုက်သူက ဒရမ်း)

မြှောက်မပေးနဲ့နော် ငါကငိုချင်ရက်လက်တို့ ဖြစ်နေတာထွက်ငိုလိုက်ရမလား ( မျက်ရည်မီးတောက်လင်း)

ဟဲ့လုပ်ကြပါအုန်း မျက်လုံးကို ပုဝါ မြန်မြန်စည်းကြပါဟဲ့ သူမျက်ရည်မထွက်ခင်( ပန်းချီဝိဥာဉ်)

မပူပါနဲ့ သူငိုတာနဲ့ မိုးရွာချလိုက်မယ် (မိုးချစ်သူ)
စကားများလိုက်ကြတာဟာ စိတ်တိုလာရင်ငါ့ပျားတပ်သားတွေနဲ့တွေ့မယ်နော်(ပျားဘုရင်မ)

ကဲကဲ စိတ်ကိုလျှော့ပါ အမပျားရယ် လာလာသီချင်းဆိုကြမယ် (မုတ်သုန်)

`မင်းရဲ့ အတွင်းအားနဲ့ ငါ့ရဲ့ အတွင်းအားတို့ 

အင်အားခြင်းတူညီ ရှိခဲ့တဲ့နောက်တော့

ခမ်းနားခြင်းကင်းတဲ့ ဒီအရှုံးသမားဘွဲ့ တစ်ခုနဲ့ 

ဒို့ အားလုံးတူတူ မူးပြီးရမ်းကြစို့….


အရှုံးများရင်ဆိုင်တဲ့အခါ ဂျွမ်းပစ်အောင်တကယ်မူးတာ

ကွင်းထဲကို အကုန်ထွက်ခါ

အားလုံးကကြစို့ ´

(လေးဖြူကို မပြလိုက်ပါနဲ့နော်။ သူကြားရင် သူ့ကိုယ်သူ သတ်သေမလားမသိ။ ဟိ။ စကားချပ်)

အသံဗြဲ ကီးကြောင်များနှင့် အော်ဟစ်ဆိုရင်း ကွင်းထဲကို အားလုံးတန်းစီ ပြီး ၀င်လာကြရာ ပျားဘုရင်မ မှ သူ့အိမ်သူအိမ်သားများကို နှိပ်စက်သော အသံဖြင့် ရှေ့ဆုံးမှ နေ၍ ပျားများဝိုင်းရံပြီး ချီတက်လာသည်။

ဒေါက်ထက်မှ အလန့်တကြား ပြေးဝင်လာရာ ပျားများက ဆီးကြိုသဖြင့် ရှောင်လင် ကွန်ဖူးအကွက်ကို သုံးသော်လည်း မရှောင်မိသဖြင့် မရှောင်လျှင် နဖူး ထုံးစံအတိုင်း နဖူးတွင် ပျားတုပ်ခံရပြန်သည်။ ( ၀က်ပက်ပြီးတော့ လက်နက်ပုန်းမှန်တဲ့ အပြင် ပျားပါ တုပ်ခံရသေး... ဘွာတေးနော်)။ ဒေါက်ထက်မှာ လက်နက်ပုန်းထိထားသည့် နေရာကို ပျားထပ်တုပ်ခံ ရသဖြင့် ပျားများကို မီးတုတ်နှင့်ရှို့ရန်ကြံစည်ရာ သိုင်းမယ်တော်ခွန်မြလှိုင်မှ နေ၍ ဒေါက်ထက်အား မွန်ချောက်ဖုံကို စစ်ဆေးရန် ဒိုင်လူကြီး အခန်းထဲကို ကြွပါဟု ခေါ်ထုတ်သွားလေသည်။

ထိုသို့ ကွင်းထဲတွင် ၀အောင် သောင်းကျန်းပြီးချိန်တွင် ဗိုက်ထပ်ဆာလာသောကြောင့် လပ်လျားလပ်လျားလုပ်နေသောဇိးကွက်အား ကင်စားရန်ကြံကြလေသည်။ ဇီးကွက်တော့ အမူးသမားများ၏အကြံကို မသိလေသိအလား အလန်းကြီးလန်းကာ ဖလပ်ဖလပ်နှင့် ကွင်းလုံးပတ်ပျံသန်းနေလေသည်။

ဇီးကွက် ကို ဖမ်းရန် ပြေးလာသော လင်းမှာ လမ်းခုလပ်တွင် နှင်းပွင့်နှင့် ရင်ဆိုင်တွေ့လေတော့သည်။

နှင်းပွင့် - အစ်မတော်လင်း ၊ ဘာဖြစ်တာလဲ ရေးကြီးသုတ်ပြာနဲ့။

လင်း (အော်ကြီး ဟစ်ကျယ်ဖြင့်) - ငါ အမြည်း စားစရာ မရှိလို့ ဇီးကွက်ကို ကင်မလို့

နှင်းပွင့် - အော် အစ်မတော်တို့က နှင်းပွင့်ကြူလေးကို တစ်ယောက်ထဲ ပစ်ထားပြီး သောက်နေကြတယ်ပေါ့။

လင်း - မဟုတ်ပါဘူးလေ။ ညည်းက သိုင်းပြိုင်စရာ ရှိတော့  သိုင်းစည်းကမ်း အရ သောက်ရင် မပြိုင်နဲ့ ပြိုင်ရင် မသောက်နဲ့လို့ ဒေါက်ထက်က ပြောထားတယ် မလား

နှင်းပွင့် - ရ၀ူး သောက်မှာပဲ။

လင်း - အေး သောက်ချင်ရင် ဇီးကွက်ကို ဖမ်းပေး။ မိရင် တိုက်မယ်။

နှင်းပွင့် - ဖမ်းပေးရတာပေါ့။ တွေ့ ကြသေးတာပေါ့ ဇီးကွက်ရယ်...

ထိုအချိန်တွင် ဘာမှ မသိသော ဇီးကွက်မှာ ဧည့်သည်တော်များ၏ မှတ်ပုံတင်ကို လိုက်လှန် အဲလေ လိုက်လံ စစ်ဆေးလျက်ရှိနေသည်။....

ထိုအချိန်တွင် `ဇီးကွက် ။ အခုချက်ချင်း ဒိုင်လူကြီး အခန်းကို လာခဲ့ပါတဲ့ ´ ဟု ဒရမ်းမှ လာရောက်ခေါ်သဖြင့် ဇီးကွက်မှာ ဒိုင်လူကြီးအခန်းသို့ အသွား တွင် ဒရမ်းအား အကျိုးအကြောင်း မေးမြန်းလေသည်။

ဇီးကွက် - ဘာဖြစ်တာလဲ ကိုဒရမ်းရဲ့။ ရေးကြီးသုတ်ပြာနဲ့ ရှောင်လင်ကျောင်း ရင်ပြင်ကို လူများလို့ ပြန်အပ်ခိုင်းနေပြီလား။

ဒရမ်း - ဟုတ်တယ်.. အာ မဟုတ်ပါဘူး ပြောင်းတာက အခန်းလေ။ အခုက မွန်ချောက်ဖုံကို စစ်ဆေးဖို့ ခေါ်တာ။

ဇီးကွက်မှ မွန်ချောက်ဖုံကို စစ်ဆေးမည်ဟု ကြားလိုက်သည်နှင့် သူ့အိတ်ကပ်အတွင်းမှ ခွဲစိတ်ခန်းတွင် ဆရာဝန်များ သုံးသော နှာခေါင်းအုပ်ကို ယူ၍ တပ်ကာ ဒိုင်လူကြီး အခန်းအတွင်းသို့ ၀င်သွားလေသည်။ ဇီးကွက်ကင်မစားလိုက် ရသော လင်းနှင့် လက်ဖက်အရက် မသောက်လိုက်ရသော နှင်းပွင့်တို့မှာကား တောက် တခေါက်ခေါက်နှင့် `နောက်တစ်ခေါက် တွေ့ကြသေးတာ ပေါ့ ဇီးကွက်ရယ် ´ဟု ရေရွတ်ရင်း ကျန်ခဲ့လေသည်။

................................................................

အားလုံးပျော်စေရန်

လင်းနှင့် ဇီးကွက် ပူးပေါင်းရေးသားပါကြောင်း ( ဟိ။ ဆဲချင်ရင် မလင်းပါ ပါတယ်လို့ ပြောတာပါ .. :P )

4 comments:

နှင်းပွင့်ဖြူ said...

ဟတ်ဟတ် ....
နှင်းပွင့်တို့က အရက်လည်းမသောက်ရ ...
ဖိုင်နယ်တက်ဖို့ ရွှေဒိုင်းကလည်းမရှိ
အော်.. ဘ၀ ဘ၀.. ဇီးကွက်ကိုပဲ ကင်စားရအောင် လိုက်ဖမ်းလည်းမမိ
တွေ့ကြရသေးတာပေါ့ ငှက်ငှက်.. ဟိ . ဟွင်းဟွင်း ( ကော်ပီပဲ ကော်ပီပဲ )

ThinkingHoney said...

ငါ့ကို စုတ်ပြတ်သတ်နေအောင်ရေးထားတာကိုပဲ ၀မ်းသာအားရ လာဖတ်သွားပါတယ်
း)
သူငယ်ချင်းတို့ရေ ငါလည်း ဘာမှမရေးပေးရဘူး ခွေးလွှတ်ကြပါ

စိုးထက် - Soe Htet ! said...

ဒီ ဇာတ်လမ်း တစ်ခု လုံးမှာ ကျွနုပ်ရဲ့ မဟာနဖူး တော် က တော်တော် အရေးပါတယ် :P

မွန် said...

မွန်ချောက်ဖုံလဲ ဒတ်လဘိုင်ကိုလိုက်နေတာပဲ ရှင့်အကြံဒါအကုန်ပဲလား ဗိုလ်အောင်ဒင် အဲ ကိုဇီးကွက်