jp Ulmuka_ဇီးကွက်: သိုင်းလောက အပိုင်း ( ၁၁-၉) လူဆိုးတွေ လာပြီ

Wednesday, June 25, 2008

သိုင်းလောက အပိုင်း ( ၁၁-၉) လူဆိုးတွေ လာပြီ

`ဘာ. . . ဘာရယ် ´(သူ့အသံ နည်းနည်းကျယ်လောင်သွားသည် ပြီးတော့ အလျှင်အမြန်)
`ဒေါက်စိုးက သဘာပတိ ဟုတ်လား´
`ဟင် မြန်မြန်ပြောပါအုံး´

`ငါ့ကိုရော ငါ့ကိုရော´
`သူတို့ မဖိတ်ကြဘူးလား ဟင် မဖိတ်ကြဘူးလား´
`စော်ကားလိုက်လေကွာ စော်ကားလိုက်လေ´
`အေး အေး ထားလိုက် နောက်မှ မင်းကို ဖုန်းပြန်ဆက်မယ် အိမ်မက်နက် ခုလို ငါ့ကို တင်ပြတာကျေးဇူး´


သူ့လက်ထဲက Nokia 6300 ဖုန်းလေးကို ခပ်လှမ်းလှမ်းမှာ ရှိတဲ့သလွန်ပေါ်လှမ်းပစ်တင်ရင် သူစိတ်လေးစွာ ပြန်ထိုင်ချလိုက်တယ်။ သိုင်းလောကကလူတွေ သူ့ကို မေ့ထားကြတာကို သူ့စိတ်ထဲမှာ အလွန်ဝမ်းနည်းသွားတယ်။ စဉ်းစားကြည့်လေ အသည်းနာလေပေါ့။ ပြီးတော့ ဒေါက်ဆိုး။ သူလည်း ဘာထူးလဲ သူ့ကို အကြောင်းတောင် မကြားဘူး ဖုန်းတောင် မဆက်ဘူး သွေးသောက်ညီအကို အရင်းအချင်းချင်း လုပ်ရက်တယ်။ တကယ်ဆို သူအနည်းနဲ့ အများတော့ ဖုန်းလေးဆက်ပြီး ပြောပြသင့်တာပေါ့။ အခုတော့ အားလုံးက ဝိုင်းပြီးပစ်ပယ်ထားကြသလိုပဲ။ သူနဲ့ ဒေါက်စိုးက ရှောင်လင်ကျောင်း ဆရာတော်ကြီးရဲ့ ဘယ်လက်ရုံး ညာလက်ရုံးတွေ တူတူသိုင်းပညာတွေ သင်လာကြတာ ဒေါက်စိုးက အကြီးမို့ ဆရာတော်ကြီးက ကျောင်းတော်ကြီးကို အပ်ထားခဲ့ပြီး ဒေသစာရီကြွချီတော်မူနေတာလေ။ သူကတော့ ဆရာတော်ကြီးရဲ့ နောက်မှာ ဝတ်ဖြည့်ရင်း လိုက်ပါစောင့်ရှောက်နေရတာ။ ဖုန်းဆက်တိုင်းလဲ ဒေါက်စိုးက သူ့ကို ဒီအကြောင်းမပြောဘူး တခြားကိစ္စတွေပဲ ပြောပြောနေတယ်။ တနေ့ကတော့ အသံက အူမြူးနေတဲ့ အသံနဲ့ဆက်သားပဲ ဒါပေမယ့် အော်သူလည်း ဆရာသမားမရှိတုန်း လွတ်လွတ်လပ်လပ်ကဲရလို့ ပျော်နေတယ်ထင်ပြီး ငြိမ်နားထောင်နေလိုက်တာ လက်စသတ်တော့ ဒင်းကဒီလိုကိုး။


ကဲ အခုပြောပြနေတဲ့သူက ကျုပ် မောင်သုည။ သိုင်းလောကမှာ နာမည်ကြီး ရှောင်လင်ကျောင်းဆရာတော်ရဲ့ ညာလက်ရုံး။ သုညဗလာ ကယောက်ကယက်သိုင်းကို ကျွမ်းကျင်သူ။ ဆရာတော် အလွန်ချစ်တဲ့ အငယ်ကောင်လေးမို့ နှစ်တစ်ထောင် အကြောပိတ်သိုင်းကို လက်ထပ်သင်ကြားပေးခံထားရသူ။ ရှောင်လင်ကျောင်းရဲ့ ကိစ္စရေးရာအဖြာဖြာမှာ ဦးဆောင်လှုပ်ရှားနေသူ။ အကိုတော် ဒေါက်စိုးက ဘုရားတရားလုပ်မယ်ဆိုလို့ အရာရာကို လုပ်ကိုင်ဆောင်ရွက်ပေးနေရသူ။ ဒီလို သိုင်းလောကရဲ့ ထိပ်သီးတစ်ယောက်ကို သိုင်းလောကသားတွေ မေ့ထားတာဖြင့် သူ့မှာ ခံစားလို့မဆုံးနိုင်တော့။ အခုလည်း သူဆရာတော်နားမှာ ဝတ်ဖြည့်ပေးနေတုန်း ဒီလိုစီစဉ်နေကြတော့ သူ့အသဲတွေ တစစီ တစစီ ကြွေပဲ့သလို ခံစားလိုက်ရတယ်။


`တောက် . . . ပြောတော့ဖြင့် သိုင်းလောကကို စိတ်ကုန်သလေး ဘာလေးနဲ့ကွာ´
`ခုတော့ဖြင့် သူက သဘာပတိတဲ့ အဟက်ဟက် တယ်ပြီး ရီရသေးတယ် ဟွန်း´
`ငါ့ကိုတော့ ညီလေးရယ် ဆရာတော် အသက်တော်ကြီးလှပြီ လိုက်သွားပါအုံးတဲ့´
`သူကတော့ ဒီမှာ ဆရာကြီးလုပ်နေတယ် ငါ့ကိုတော့ တောထဲတောင်ထဲ သွားပြီးဆင်းရဲခံခိုင်းတယ် `စိတ်နာလိုက်တာနော် သိပ်စိတ်နာတယ်´

`ဟေ့ သားရေ သုညလေးရေ´
`ဘုရား တင်ပါ့´
`ငါ့သား ဘာဖြစ်နေတုန်း မျက်နှာတော် မသာမယာနဲ့´
`ဘာမှ မဖြစ်ပါဘူးဘုရား သား တနေ့က ဆွမ်းကပ်တဲ့အိမ်က သစ်တိုသီးတွေ အုပ်ပြီး ဗိုက်ထဲ ရစ်နေလို့ပါ´
`ဒါ့ကြောင့်ပြောတာ ငါ့သားကို လျှော့စားပါဆိုတာ အင်းခက်တဲ့ ကလေးပဲ ကဲ ကဲ ဘဘုန်းဖော်ထားတဲ့ အတွင်းအား ကောင်းဆေးပေးမယ် သောက်လိုက် သောက်လိုက်´
`ဒါကိုငါ့သားကိုပဲ တိုက်တာ အကြီးကောင်က သိုင်းလောကကို စိတ်ကုန်သွားပြီဆိုတော့ ငါ့သားကိုပဲ အားထားရမှာ´
`ဘဘုန်းလဲ အသက်တော်ကြီးလှပြီ ငါ့သားလေးပဲ အရာရာ ဦးဆောင်ရမှာ ငါ့သားလေး လိမ္မာမယ်ဆိုတာ ဘဘုန်းယုံကြည်တယ်´

ဟာ . . . ပွတာပဲ ဒီဆေးက ဘဘုန်းဆီမှာပဲ ရှိတာ ဒါကို ငါသောက်ပြီးရင် အရင်ကျင့်ထားတဲ့ အတွင်းအားနဲ့ပေါင်းလိုက်ရင် ဟင်း ဟင်း ဟင်း ဟင်း . . . .

`တင်ပါ့ဘုရား ဘရားတပည့်တော် သောက်လိုက်ပါ့မယ် ပြီးရင် တပည့်တော် ကျောင်းကို ခနပြန်ခွင့်ပြုပါဘုရား တပည့်တော် အကိုတော်နဲ့ စာရင်းလေးတွေ သွားရှင်းပေးမလို့ပါဘုရား ပြီးရင် ပြန်လာပါ့မယ်´
`အိမ်း . . အိမ်း သိပ်တော့ မကြာစေနဲ့ ၂ လလောက်ပြီးရင် ပြန်လာခဲ့ငါ့သား ကဲ ဘဘုန်းလဲ တောရဆောက်တည်ဦးမယ် သွားသွား . . .´
`တင်ပါ့ တပည့်တော် ဦးတင်ပါတယ် ဘုရား သွားလိုက်ပါအုံးမယ် ဘုရား . . .´

အိုကေပြီကွ လာထား တွေ့ကြသေးတာပေါ့ကွာ သိုင်းလောကသားတွေ ငါ့ရှောင်လင်ကျောင်းမှာလည်း မင်းတို့က ပြိုင်ပွဲလုပ်အုံးမယ် ငါ့ကိုလည်း မခေါ်ပဲချန်ထားတယ် ပြီးတော့ အကိုကြီး ဒေါက်စိုး ဒီညီလေးတစ်ယောက်လုံးကို ပစ်ထားတယ် သေပြီသာမှတ်တော့ ငါပြန်လာပြီကွ။ ကဲ ငါတိတ်တိတ်ပုံး တည်ထောင်ထားတဲ့ သုညကမ္ဘာဂိုဏ်းကိုလည်း အသိပေးရမယ်။ အင်း ငါ့တပည့်မလေး မွန်ချောက်ဖုံကို ပြန်ခေါ်ရမယ် သူ့ခမျာ ငါလွှတ်ထားလို့ ပြန်လမ်းမဲ့ကျွန်းမှာ သိုင်းကျင့်နေရရှာတာ။ ကြာတယ်ကွာ လာထား။ ဒီလိုနဲ့ သူဟာသူ့ရဲ့ ဂိုဏ်းသားတွေပဲသုံးတဲ့ ဂျီတော့အကောင့်ကို ဝင်လိုက်တယ်။ အော် အိမ်မက်နက်နဲ့ မွန်ချောက်ဖုံတို့ ပေါ်နေတယ်။ အိမ်မက်နက်က ဘီးဇီးဆိုင်းလုပ်ထားသေးတယ် မွန်ချောက်ဖုံကတော့ အစိမ်းရောင်လေးနဲ့ အဆင်သင့်ဆိုပဲ။

`ဟေ့ကောင် အိမ်မက်နက် မင်းအခုထိ ကိစ္စမပြီးသေးဘူးလား´
`ဟုတ်ကဲ့ မပြီးသေးပါ ဂိုဏ်းချုပ်ကြီး ပြီးခါနီးပါပြီ´
`အေး ဒါဆို နေတော့´
`ဟုတ်ကဲ့ ဂိုဏ်းချုပ်ကြီး သက်ရာကျော်ရှည်ပြီး အရစ်ရှည်နိုင်ပါစေ´


`မွန်ချောက်ဖုံလေး´
`ဟင် ဂိုဏ်းချုပ်´
`သမီးတော် ကိစ္စရပ်များ ပြီးပလားကွဲ့´
`ဟုတ်ကဲ့ ပြီးပါပြီ ဂိုဏ်းချုပ်ကြီး သမီးတော် အဆင်သင့်ပါပဲ´

`အေး ဒါဆို ငါ့သမီးကို ပြောစရာရှိတယ်´

`အခု သိုင်းလောကမှာ ပြိုင်ပွဲလုပ်မယ်တဲ့ အဲဒါ ငါ့အစီအစဉ်က ဒီလို ဒီလို . . . . . .´


................................................
Zerotrash21

ဒီနေ့ တင်ပေးပါတဲ့ ဗျို့ ... သူတို့တွေ ၀င် လာ ဖို့ လမ်းကြောင်း ချဖို့တဲ့ ...
...............................................

ကဲ လူဆိုးတွေတော့ လာပြီနော် ပွဲဖျက်မလို့တဲ့... သိုင်းသမားတွေ အဆင်သင့် ပြင်ထားကြပေတော့ ဇီးကွက်တော့ အသံကြားတာနဲ့တင် ကဇော်သိုင်း အဆင့်ကိုးကို ပြီးစီးအောင် ကျင့်နေပါကြောင်း... လမကုန်သေးတော့ ပိုက်ပိုက်လည်း မရှိတာနဲ့ တပည့်လေးတွေ လာကန်တော့ထားတဲ့ ရှိတဲ့ ဆန် အရက်ကိုပဲ သုံးပြီး ကျင့်ရတော့မှာပေါ့လေ.. ၀ီစကီသိုင်း ကိုတော့ လကုန်မှ ကျင့်နိုင်တော့မယ်... သနားရင် ဘလက်လေဘယ် တစ်လုံးလောက် ပို့လိုက်ကြပါလေ..

5 comments:

စိုးထက် - Soe Htet ! said...

ဇွတ် ...
ပြောလို့ ကို မရဘူး ... လာကြ ... ဟိ :P

လင်း said...

မဖြစ်ချေဘူး ငှက်ငှက်ဆိုတဲ့ ရယ်သံကိုလည်း အမြန်မှတ်ပုံတင်မှ၊ ခုတောင် ဇီးကွက်က သူ့ အသံလုပ်မယ်တကဲကဲ

ရွှန်းမီ said...

အင်း .. ပွဲကောင်းတော့မယ် .. =)

Anonymous said...

ချဗျာ..... စောင့်နေတယ်ဗျို့......

JulyDream said...

ဒီအတိုင်းဆို ဇီးကွက် ၁ ယောက် သူ့ Blog မှာ သူရေးချင်တာတွေ ရေးခွင့်တောင် ရမှာ မဟုတ်တော့ဘူး။ သိုင်းလောက ဇာတ်လမ်းတွဲတွေနဲ့ ဆက်ရန် ဆက်ရန်... အများကြီး လာနေတော့မှာကို မြင်နေမိတယ်။

ပွဲကတော့ တဖြည်းဖြည်း စည်လာပြီဗျို့...